ယူနီကုဒ်ပြောင်းလဲရေး အကြိုညှိနှိုင်း ဆွေးနွေးပွဲ (၂၀၁၆ ဇူလိုင် ၂၉)
ယူနီကုဒ်ပြောင်းလဲရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ၂၉ ရက်နေ့တွင် အစိုးရဘက်မှ တာဝန်ရှိသူများ၊ မြန်မာကွန်ပျူတာ အသင်းချုပ် (MCF)၊ မြန်မာယူနီကုဒ်ဧရိယာ (MUA) နှင့် အတတ်ပညာရှင်များ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ရလဒ်များအနေဖြင့် လူမှုကွန်ယက်များတွင် အငြင်းပွားမှုပုံစံ ဆွေးနွေးမှုများ မပြုလုပ်ကြတော့ရန်၊ ဆွေးနွေးပွဲတက်ရောက်သူများမှ အပြောင်းအလဲ ပြုလုပ်ရန် ထောက်ခံကြောင်း နှင့် တက်နိုင်သည့်နေရာမှ ကူညီကြမည်ဖြစ်ကြောင်း၊ MCF နှင့် MUA တို့မှ တင်ပြသော လုပ်ငန်းလမ်းစဉ် နှစ်ခုကို ပေါင်းစည်း၍ လုပ်ငန်းလမ်းစဉ်တစ်ခုဖြစ်မြောက်အောင်ဆောင်ရွက်တည်းဖြတ်ရန်။ အစရှိသော ဘုံရည်မှန်းချက် သုံးချက် အကြိုညှိနှိုင်းဖြစ်ခဲ့ပါတယ်။ ၎င်းဆွေးနွေးပွဲနဲ့ပက်သက်ပြီး “ဒီအကြိုဆွေးနွေးပွဲဟာ နောက်ထပ် ထိရောက်တဲ့ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲမတိုင်ခင်က အားမလို အားမရမှုတွေ၊ စိတ်ပူပန်မှုတွေ ရှိခဲ့တဲ့အတွက် ပြောမှရမယ့် စကားတွေကို ပြတ်ပြတ်သားသား၊ တည့်တည့်ပဲ Read More …