
တညီတညွတ်တည်းကူးပြောင်းလာကြတဲ့အသုံးပြုသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်
အောက်တိုဘာလ (၁) ရက်နေ့ မှာ ယူနီကုဒ်ပြောင်းကြမယ်ဆိုတဲ့ အနေအထားမှာ အပြောင်းအလဲကြီးမယ်ဆိုတာသိပေမယ့် အခုလောက်အထိ ပြောင်းလာတဲ့ ရာခိုင်နှုန်းများမယ်လို့ မထင်ထားခဲ့မိဘူး စက်တင်ဘာလ ၃၀ရက်နေ့က စပြီး အခုလက်ရှိအချိန်အထိ သူတို့ရဲ့ စက်မှာ ယူနီကုဒ်မှန်မမှန်ဝင်စစ်တဲ့သူအရေအတွက်က တစ်မိနစ်ကို လေးရာအောက်မဆင်းသေးပါဘူး။ ဒီမနက်ရုံးရောက်ချိန်မှာလည်း တစ်ရုံးလုံးရဲ့ ၄၀% လောက်က ယူနီကုဒ်ပြောင်းပြီးနေကြပါပြီ ကျန်တဲ့ထဲသူတွေကလည်း ကျွန်တော်တို့ကိုလာပြောင်းခိုင်းလို့ပြောင်းပေးလိုက်တာ အခုဆိုရင် တစ်ရုံးလုံးရဲ့ ၉၀% က ယူနီကုဒ်သုံးနေကြပါပြီ။ အခုလို တညီတညွှတ်တည်း ကူးပြောင်းလာကြတဲ့ အသုံးပြုသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ယူနီကုဒ်ဖန်တီးသူတွေနဲ့ နည်းပညာသမားတွေကိုယ်စား ကျေးဇူးအရမ်းတဲ့အကြောင်းလည်း ပြောချင်ပါတယ်။ နောက်ပြီးတော့ တစ်ခုပြောချင်တာက ဘယ်သူတွေဘယ်လိုပြောပြော အသုံးပြုသူတွေက အခက်အခဲတွေကို သည်းခံပြီး လိုလိုချင်ချင်ပြောင်းလာကြလို့သာ ဒီအရွေ့ကဖြစ်လာတာပါ။ ဒါ့ကြောင့် ဒီအရွေ့ဟာ အသုံးပြုသူတွေကြောင့်ဖြစ်တဲ့ အရွေ့သာဖြစ်ပါတယ်။ Read More …