
ယူနီကုဒ် စာလုံးစီပုံ – Unicode Encoding
ယူနီကုဒ် အက္ခရာများကို စီစဉ်တဲ့အခါ Logical Order (ဘာသာစကား အသံသဘော) အရ စီစဉ်ရပါတယ်။ အဲဒီအခါ အဓိက ပြဿနာဖြစ်တာက သဝေထိုးပါပဲ။ သဝေထိုးနဲ့ ခခွေးဟာ ဘယ်ညာလှည့်ပုံသာ ကွဲပေမဲ့ ဘယ်သူမှ ဘယ်ကို ခလျှောက်ခွေးနေတာလဲလို့ မပြောကြပါ။ ဘယ်ကို သဝေထိုးနေလဲ လို့သာ ပြောပါတယ်။ ဆိုလိုချင်တာကတော့ သဝေထိုးဟာ သဝေထိုးပြီး ရှေ့ကို ရောက်နေတယ်တယ်လို့ ပြောချင်တာပါ။ မြန်မာစာကို ရှေးလူကြီးတွေက ဒီလိုရေးခဲ့တော့ ထုံးဖြစ်နေသော်လည်း သရကို ရှေ့မှာထားတာ မှားပါတယ်။ နောက်ပြန်ရှင်းပါ့မယ်။ ဟိုးရှေးရှေး ဝင်းဖောင့်၊ စီအီးဖောင့် အစရှိလို့ ဇော်ဂျီဖောင့် ဖြစ်လာတဲ့အထိ Logical Order နဲ့ မစီပါ၊ အမြင်အတိုင်းသာ စီပါတယ်။ ဆိုလိုတာက “ပြောင်း” ဆိုတဲ့ စာလုံးကို Read More …