
ဂူဂဲလ်၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် ယူနီကုဒ်ဆိုင်ရာ ပြောင်းလဲမှုများကို ထုတ်ပြန်ကြေညာ
Google မှ ၎င်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် မြန်မာယူနီကုဒ်နှင့်သက်ဆိုင်သော ပြောင်းလဲမှုများကို အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ Google သည် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး မြန်မာဘာသာ ယူနီ ကုဒ်စနစ်အတွက် ကူညီပံ့ပိုးမှုများလည်း အများဆုံး ဆောင်ရွက်ပေးနေသည်။ မြန်မာနိုင်ငံတွင် စာရိုက်ခြင်းအတွက် ယခင်က အများစု အသုံးပြုခဲ့သော ဇော်ဂျီ font အစား ကမ္ဘာတစ်ဝန်းလုံး လက်ခံထားသော ကွန်ပျူတာသုံး မြန်မာစာစနစ်ဖြစ်သည့် ယူနီကုဒ် font သို့ ပြောင်းလဲအသုံးပြုခြင်း ကို နိုင်ငံတော်အစိုးရက ဦးဆောင်၍ အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ Google အနေဖြင့်လည်း ၎င်း၏ထုတ်ကုန် အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများကို ယူနီကုဒ်ပြောင်းသုံးသူများ အဆင်ပြေစေရန်နှင့် Google မှ သတင်းအချက်အလက်များကို မြန်မာနိုင်ငံရှိ Read More …