မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်း အခမ်းအနား

မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်း အခမ်းအနားကို ယနေ့ [ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁) ရက် ] နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။   အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင် မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ Read More …

Converters for non-unicode text in ethnic languages

ယူနီကုဒ်မဟုတ်သည့် စာများကို ယူနီကုဒ်စနစ်သို့ ကူးပြောင်းရာတွင် လွယ်ကူစေရန် ကွန်ဗာတာများကို ပညာရှင်များ တီထွင်ပေးခဲ့ပါသည်။ ယူနီကုဒ်စနစ်မကျသည့် အများသုံးမြန်မာစာ (ဇော်ဂျီစာ) မှ ယူနီကုဒ်စနစ်ကျသည့်အခြေအနေသို့ ကူးပြောင်းရန် ကွန်ဗာတာများစွာ ရှိနှင့်ပြီး ဖြစ်ပါသည်။ ယူနီကုဒ်စနစ်မကျခဲ့ဘဲ ရေးသားထားခဲ့သည့် တိုင်းရင်းသားစာများအတွက် ကွန်ဗာတာစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စကောကရင် /စှီၤ/ Ethar Karen Unicode Converter http://ethar.karen.center/ Different fonts to Unicode Platform- Web KNU to Unicode Converter (Contribution of Snack Apps) https://play.google.com/store/apps/details?id=com.snacks.baonguyen.knuconverter ASCII font to Unicode Platform- Android (Playstore application) ပအိုဝ်း /ပအိုဝ်ႏ/ Read More …

MUA Workshop – September 29 2019

Myanmar Unicode Area မှ စေတနာရှင် မောင်နှမများအတွက် CT and CS Computer Training မှ နေရာပံ့ပိုးထားသည့် #UnicodeWorkshop29#ယူနီဆန်းဒေး၂၉ workshop ကို ဖော်ပြပါလိပ်စာအတိုင်း ကျင်းပပြုလုပ်ပါမည်။ #ယူနီဆန်းဒေး၂၉ ဒီတစ်ပတ် အလှည့်ကျတဲ့နေရာ လှိုင်သာယာ ဖြစ်ပါတယ်။ MUA မောင်နှမများမှ ကြိုဆိုပါတယ်။ CT and CS Computer Training Centre အမှတ်(၁၄၄၄/က), ဝိဇ္ဇာညီနောင်လမ်း၊ ရပ်ကွက်(၂၀)၊ လှိုင်သာယာ။ ၈၆ဂိတ်ဟောင်းအနီး။ ရန်ကုန်။ ဖုန်း – 09 42174 1386 Date : 29 September 2019 Time : 10AM – 4PM ဖုန်းနှင့်ကွန်ပျူတာစက်ပစ္စည်းများတွင် ယူနီကုဒ်သုံးရန် Read More …

MUA Workshop – September 22 2019

Myanmar Unicode Area က ဦးဆောင်ပြုလုပ်ပြီး Pentagon Engineering Group မှ နေရာထိုင်ခင်းအတွက် ပံ့ပိုးကူညီပေးထားသည့် Unicode Workshop ကို အမှတ် (၂၀၃)၊ ပထမထပ်၊ ၃၅ လမ်း အပေါ်ဘလောက်တွင် လာမည့် တနင်္ဂနွေနေ့ ၂၂.၉.၂၀၁၉ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အသုံးပြုသူလိုသူများ အနေဖြင့် Workshop သို့ ယူနီကုဒ်ပြောင်းလဲလိုသောဖုန်းများ၊ ကွန်ပျူတာများကို ယူဆောင်လာကြပါရန်နှင့်၊ အသုံးပြုသူလိုသူများ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြေရှင်းပေးခြင်း၊ ယူနီကုဒ်ထည့်သွင်းခြင်း နှင့် အသုံးပြုနည်းလမ်းညွှန်းခြင်းများကို တတ်စွမ်းသမျှ ကူညီပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများ အနေဖြင့် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

MUA Workshop – September 15 2019

ယ‌နေ့ ၁၅-၉-၂၀၁၉ တနင်္ဂနွေနေ့ တွင် Myanmar Unicode Area က ဦးဆောင်ပြုလုပ်ပြီး MCF: Myanmar Computer Federation မှ နေရာထိုင်ခင်းအတွက် ပံ့ပိုးကူညီပေးမူဖြင့် Unicode Workshop ကို MICT Park Main Build အခန်း ၂၀၅ တွင် နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ Workshop တွင် သံဃာတော်များ၊ ဘကြီး အကြီးအရွယ် သက်ကြီးသူများ၊ လူလတ် လူငယ် မိသားစုများနှင့် ကုမ္ပဏီတစ်ခုလုံးကူးပြောင်းလိုသူများ အယောက် ၅၀ ခန့် ၏ ယူနီကုဒ်ပြောင်းလဲလိုသောဖုန်းများ ကွန်ပျူတာများကို ယူနီကုဒ်ပြောင်းလဲပေးခြင်း၊ အခက်အခဲများကို ရှင်းပြ ဖြေရှင်းပေးခြင်း၊ Read More …

Microsoft Word, Excel, Power Point တွေမှာ .xml ကိုပြင်တဲ့နည်းနဲ့ ယူနီကုဒ်ပြောင်းနည်း

MNLP ကထုတ်တဲ့ကွန်ဗာတာ နဲ့လဲ word နဲ့ excel ကိုယူနီကုဒ်ပြောင်းလို့ရပေမယ် file size ကြီးရင် ပြောင်းမပေးနိုင်တဲ့ ပြဿနာရှိပါတယ် အခုနည်းလေးကတော့ နည်းနည်းအလုပ်ရှုပ်ပေမယ့် အဆင်ပြေပြေ ပြောင်းလို့ရပါတယ်ဗျ နည်းလမ်းလေးကတော့လွယ်ပါတယ် အရင်ဆုံး ကိုယ်ပြောင်းချင်တဲ့ word, excel or power point file ရဲ့  format ကို rename နဲ့ .zip format ကိုပြောင်းပါ ( file format ဆိုတာက word ဆိုရင် .doc or .docx နဲ့ဆုံးပါတယ် အဲ့လိုတွေမမြင်ရရင် folder potion ထဲမှာသွားဖွင့်ပါ ) ပြီးရင် winrar သုံးပြီး extract လုပ်လိုက်ပါ ကိုယ်ပေးထားတဲ့ file Read More …

Myanmar Unicode Converter (V 2.0) for Windows

Myanmar NLP team ကထုတ်ပေးထားတဲ့ windows တွေအတွက် Unicode Converter (2.0) ပါ ဘာတွေလုပ်လို့ရလဲဆိုတော့ 1. Academy- Family 2. Amyanmar 3. A_Type Writer 4. Ava-Forever 5.Ayar-Family 6. CE-Family 7. Gandamar-Family 8. I <<< (ဘာဖောင့်လဲတော့မသိ သူ့ထဲမှာပါလို့) 9. M-Myanmar-Family 10. Metrix-Family 11. Myanmar1 12. Myazedi 13. Pinny- Family 14. Win-Family 15. Zawgyi အဲ့ဒီ font နဲ့ရေးထားတာတွေကို ယူနီကုဒ်အဖြစ် ပြောင်းပေးနိုင်ပါတယ် ဒါအပြင် အပေါ်မှာပြထားတဲ့ fonts ၁၅ Read More …

MCF released tool to help Zawgyi users with their move to Myanmar Unicode (MCF MUX SMS/Converter tool)

Connect MUX/ MCF MUX မက်ဆေ့များ ဖောင့် မမှန်မှုကြောင့် အခက်အခဲများ ကြုံတွေ့နေရမှုကို ပြေလည်စေခြင်း ၊ ဇော်ဂျီ ၊ ယူနီကုဒ် နှစ်မျိုးလုံးဖြင့် ပေးပို့နိုင်ခြင်း ၊ စာပိုဒ် စာသား များကို ဇော်ဂျီ မှ ယူနီကုဒ် (သို့မဟုတ်) ယူနီကုဒ် မှ ဇော်ဂျီ သို့ ပြောင်းလဲပေးခြင်း ၊ ဖုန်းတွင် မှတ်ထားသော Contact များ၊ ဖိုင် နာမည်များကို ဖုန်း၏ System ဖောင့် အတိုင်း အလိုအလျောက် ပြောင်းပေးနိုင်သည့် Android Version အနိမ့် များတွင်ပါသုံးနိုင်သော App ဖြစ်ပါသည်။ [ဒီနေရာက ရယူလိုက်ပါ MCF MUX]  

မြန်မာယူနီကုဒ် စာလုံးများ -၅ ဗျည်းတွဲများ

ဗျည်းတွဲ – ပင့်ရစ်ဆွဲထိုး [U+103B , U+103C , U+103D , U+103E] ဗျည်းစာလုံးနောက်တွင် အပိုဆောင်းဗျည်းသံအဖြစ် ထပ်တွဲနိုင်သည်။ ဗျည်းမဟုတ်လျှင် မတွဲနိုင်ပါ။ ပုံမှန်အားဖြင့် ဗျည်းနောက် သရ လိုက်လေ့ရှိပြီး ဗျည်းတွဲ ရှိခဲ့လျှင် အစဉ်မှာ ဗျည်း – ဗျည်းတွဲ – သရ ဖြစ်ပါသည်။ ဗျည်း – ဗျည်း အတွဲ နှင့် ဗျည်း – ဗျည်းတွဲ မတူသဖြင့် ဗျည်းတွဲဟူ၍ သီးခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ဥပမာ – “ကဝ” နှင့် “ကွ” ။ ဗျည်းတွဲများသည် ပုံမှန်ဗျည်းကဲ့သို့ မဟုတ်ဘဲ ရှေ့နောက်အစဉ်သတ်မှတ်ချက်ကို လိုက်နာရပါသည်။ အချို့သော ဗျည်းတွဲများသည် ဗျည်းအားလုံးနောက်ကို မလိုက်ဘဲ Read More …

မြန်မာယူနီကုဒ် စာလုံးများ -၄ မှီခိုသင်္ကေတများ

ရေးချ နှစ်မျိုး ရှိသည်။ မောက်ချ (ါ)နှင့် ဝိုက်ချ (ာ) ဟူ၍ ကွဲပြားပါသည်။ နှစ်ခုစလုံးကို အသိအမှတ်ပြု၍ ကုဒ်ပွိုင့်တစ်ခုစီ သတ်မှတ်ထားပါသည်။ မောက်ချ (ါ) U+102B ၊ ဝိုက်ချ (ာ) U+102C အသီးသီး ဖြစ်ပါသည်။ ပုံမှန်သရများ ဖြစ်သော ရေးချ ( မောက်ချ “ါ” / ဝိုက်ချ “ာ” ) ၊ လုံးကြီးတင် “ိ” ၊ လုံးကြီးတင်ဆံခတ် “ီ” ၊ တစ်ချောင်းငင် “ု” ၊ နှစ်ချောင်းငင် “ူ” ၊ သဝေထိုး “ေ” ၊ နောက်ပစ် “ဲ” တို့အပြင် သေးသေးတင် “ံ” ကိုလည်း သံပြောင်းသင်္ကေတအဖြစ် Read More …