မြန်မာယူနီကုဒ် စာလုံးများ -၁

ယူနီကုဒ်သည် စာလုံး (ကာရိုက်တာ) တစ်လုံးချင်းကို ကုဒ်ပွိုင့်တစ်ခုစီ ပေးထားသော ဒစ်ဂျစ်တယ်စာသားသတ်မှတ်စနစ် ဖြစ်ပါသည်။ မြန်မာစာတွင် ည အက္ခရာနှစ်မျိုး၊ ညကလေး “ဉ” နှင့် “ည” ဟူ၍ ရှိပါသည်။ ညကလေးကို ပါဠိဘာသာတွင် အသုံးများသဖြင့် အနောက်တိုင်းပညာရှင်များက ညအက္ခရာကုဒ်ပွိုင့်အရှေ့တွင် ထားပါသည်။ ထို့ကြောင့် မြန်မာစာကုဒ်ပွိုင့်များတွင် ဆယ်ခုမြောက် ကာရိုက်တာသည် ညကလေး “ဉ” ဖြစ်ပြီး ဆယ့်တစ်ခုမြောက် ကာရိုက်တာသည် “ည” ဖြစ်သည်။

ယူ​နီ​ကုဒ် စာလုံး​စီ​ပုံ – Unicode Encoding

ယူနီကုဒ် အက္ခရာများကို စီစဉ်တဲ့အခါ Logical Order (ဘာသာစကား အသံသဘော) အရ စီစဉ်ရပါတယ်။ အဲဒီအခါ အဓိက ပြဿနာဖြစ်တာက သဝေထိုးပါပဲ။ သဝေထိုးနဲ့ ခခွေးဟာ ဘယ်ညာလှည့်ပုံသာ ကွဲပေမဲ့ ဘယ်သူမှ ဘယ်ကို ခလျှောက်ခွေးနေတာလဲလို့ မပြောကြပါ။ ဘယ်ကို သဝေထိုးနေလဲ လို့သာ ပြောပါတယ်။ ဆိုလိုချင်တာကတော့ သဝေထိုးဟာ သဝေထိုးပြီး ရှေ့ကို ရောက်နေတယ်⁠တယ်လို့ ပြောချင်တာပါ။ မြန်မာစာကို ရှေးလူကြီးတွေက ဒီလိုရေးခဲ့တော့ ထုံးဖြစ်နေသော်လည်း သရကို ရှေ့မှာထားတာ မှားပါတယ်။ နောက်ပြန်ရှင်းပါ့မယ်။ ဟိုးရှေးရှေး ဝင်းဖောင့်၊ စီအီးဖောင့် အစရှိလို့ ဇော်ဂျီဖောင့် ဖြစ်လာတဲ့အထိ Logical Order နဲ့ မစီပါ၊ အမြင်အတိုင်းသာ စီပါတယ်။ ဆိုလိုတာက “ပြောင်း” ဆိုတဲ့ စာလုံးကို Read More …

ယူနီကုဒ် ရှင်းတမ်း

အရင်က MyanmarLanguage.Orgမှာတင်ထားတဲ့ ကိုမောင်ဆန်း ရေးထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီရက်ပိုင်း ယူနီကုဒ်ကို လူတော်တော်များများ စိတ်ဝင်စားလာကြပြီး ထောက်ပြဝေဖန်မေးမြန်းတာတွေ ရှိတဲ့အထဲမှာ ညီလင်းဆက်ရေးခဲ့တဲ့ Review on Myanmar Unicode 5.1 & Suggestion ကို ပြတဲ့ပြီး ဒါတွေရှင်းပြီးပြီလားလို့ မေးတဲ့လူတွေ ရှိလာလို့ ဒီစာကို ရေးဖြစ်ပါတယ်။ ယူနီကုဒ်လုပ်ခဲ့တဲ့ ပညာရှင်တွေ၊ Developer တွေက ကိုယ်စီ ရှင်းထားကြပေမဲ့ အင်္ဂလိပ်လိုဖြစ်တာရယ်၊ မြန်မာလိုရေးထားတာဆိုရင်လည်း တစ်စုတစ်စည်းတည်း မရှိတာကြောင့်  တစ်နေရာတည်းမှာ စုစည်းပြီး ဖြေပေးလိုက်ပါတယ်။ .::Download this article in PDF format here::.   ၁။ ယူနီကုဒ်မှာ ပုံသဏ္ဌာန် ထပ်တူထပ်မျှတူရင် သုံးတဲ့နေရာ မတူပေမဲ့ ကုဒ်ပွိုင့်တစ်ခုတည်း ယူပါတယ်။   ဥပမာ Read More …

MCF Expert Roundtable Discussion on Unicode Migration and Technical Support

e-Government လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် အစိတ်အပိုင်း တစ်ခု ဖြစ်သည့် Unicode Standard နှင့် Myanmar Language Support on Computer Systems  များပိုမိုကောင်းမွန်စေရန်အတွက်  မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကြီးမှူး၍ MCF Expert Roundtable Discussion on Unicode Migration and Technical Support အား ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်၊ သောကြာနေ့  နေ့လယ်(၂:၀၀)နာရီ တွင် MICT Park, Conference Hall ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝိရာမ

ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် (် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရပါသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရပါသည်။ ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်ပါသည်။ ဘာကို သတ်သနည်း? သရသံကို သတ်ပါသည်။ ဘာသရကို သတ်သနည်း? ‘အ’ သရသံကို သတ်ပါသည်။ မည်သည့် ‘အ’သရကို သတ်သနည်း? Read More …

ပါဌ်ဆင့် အသတ် ကင်းစီး

”အင်း … မြန်မာစာဆရာကြီးကို ကတ်သီးကတ်သတ် မေးသလိုများဖြစ်နေ မလားမသိဘူး။ မေးစရာတစ်ခု ပေါ်လာလို့ကွ” ”ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့” အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောေ သာကလေး ပြောလိုက်သည်။ ”သြော် …ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ ”တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ”ဆိုတဲ့နေ့နာမည် တွေက စာလုံး အပေါ်မှာ ငသတ်သေးသေး ကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါ သူငယ်ချင်းရာ။ အဲဒီလို အ ပေါ်မှာမတင်ဘဲ ဟောဒီလိုရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ” သူငယ်ချင်းက ပြောပြောဆိုဆို စာရွက် တစ်ရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ ”တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ”… တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး ”ဟုတ်ပါတယ် Read More …

Myanmar Unicode Area Logo

  မြန်မာယူနီကုဒ် ဧရိယာအတွက် MUA Logo အား ဒီဇိုင်နာ ကိုငြိမ်းချမ်းမှ ဒီဇိုင်းဆွဲပေးထားပါသည်။ Unicode consortium ၏ အမှတ်အသား လိုဂို ပါဝင်သောကြောင့် ဒီအတိုင်း သုံးစွဲခွင့် မရှိပဲ ကျွန်တော်တို့ Unicode consortium အထိ စာပို့ ခွင့်ပြုချက် တောင်းပြီး လုပ်ဆောင်ခဲ့ပါသည်။ Unicode consortium က ခွင့်ပြုချက်ပေးသောကြောင့် အများအသုံးပြုနိုင်ရန် ဖြန့်ချိခဲ့ပါသည်။ မြန်မာယူနီကုဒ် ဧရိယာမှ ထုတ်သော တီရှပ်များတွင်လည်း ရိုက်နှိပ်အသုံးပြုခဲ့ပါသည်။ ထို့အပြင် ယူနီကုဒ်ကို လူသိများလာစေရန် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် profile ဓါတ်ပုံများ ပြောင်းလဲ အသုံးပြုခြင်းများ လုပ်ရာတွင် အသုံးပြုခဲ့ကြပါသည်။ ⚠️အထက်ပါ LOGO သည်ဆက်လက်သုံးစွဲခြင်းမရှိတော့ပါ။ မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။⚠️   Unicode consortium မှ Read More …