e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင် Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Photo from Myanmar State Counsellor Office FB Page (https://www.facebook.com/state.counsellor/photos/pcb.1516569038477307/1516568711810673)
e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါ ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းရင်းသားဘာသာစကားများ ဖြင့်ပါ e-Government System ထိထိရောက်ရောက် သုံးနိုင်မည့် အခြေအနေကိုရောက်ရှိ မည်ဖြစ်သည့်အတွက် ယင်းစနစ်ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း။ ISO (International Standard Organization) 10646 ဖြင့် ကိုက်ညီ သည့် မြန်မာ Unicode ကိုစံစနစ်အဖြစ် “အမျိုးသားစံချိန်စံညွှန်းကောင်စီ”က၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂ဝ၁၉ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီအသုံးပြုနိုင်ရေး လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ (Information Technology)နှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများရေးဆွဲထုတ်ပြန်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အကူ အညီဖြင့် ဆိုက်ဘာဥပဒေထွက်ရှိအောင် ဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည်အကြံ ဉာဏ်များပေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတစ်ခုချင်းအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အခြားဆပ်ကော်မတီများဖြင့် ညှိနှိုင်းပူးပေါင်းပြီး အချိန်နှင့်တပြေးညီ တင်ပြပြီး ဆုံးဖြတ်ချက်ရယူကာ ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။ eGovernment ဦးဆောင်ကော်မတီအနေဖြင့်လည်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ လစဉ်တင်ပြနေရသည့် အတွက်ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် e-Government လုပ်ငန်းများအား အလေးအနက်ထား ဆောင်ရွက်ကြပြီး တိုးတက်မှုအစီ ရင်ခံစာကို ဦးဆောင်ကော်မတီသို့ လစဉ်မပျက်မကွက် အချိန်မီပေးပို့တင်ပြသွားကြရန် တိုက်တွန်းပါကြောင်း နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပြီး။
သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများကလည်း Radio Frequency Identification (RFID) စနစ်အသုံးပြုနိုင်ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော PyiDaungSu Font စနစ်နှင့် Keyboard တို့ကိုအစိုးရရုံး ဌာနများ၌ လက်ရှိအသုံးပြုနေသော Myanmar3 Font နေရာတွင် အစားထိုးအသုံးပြုနိုင် ရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့် ကိုက်ညီသော မြန်မာ Unicode စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်ဆောင်ရွက်မည့် Migration အစီအစဉ်၊ ဝန်ကြီး ဌာနများ၊ နိုင်ငံတော်အဖွဲ့အစည်းများအတွက် Domain Name နှင့် e-mail လိပ်စာ သတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
Source: https://www.facebook.com/state.counsellor/posts/1516569038477307