ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ တွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်တွင် မြန်မာယူနီကုဒ်ဧရီယာမှ ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့်စာ ပေးပို့ခြင်းကိစ္စကို တုန့်ပြန်ခြင်းလည်း ပါဝင်ကြောင်းသိရှိရပြီး၊
- ယူနီကုဒ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျယ်ပြန့်စွာ အသုံးပြု ရေး၊
- အခက်အခဲများရှိပါက ကူညီ ပေးရေးနှင့်
- အစိုးရဝန်ကြီးဌာနများ က ဦးဆောင်အသုံးပြုရေး
စသည့် အချက်သုံးချက်ကို ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။
ယခုဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာန ဆိုင်ရာများက ထုတ်ပြန်သည့် သတင်းကြေညာချက်များသည် ဝက်ဘ်ဆိုက်များ၊ Facebook စာမျက်နှာများတွင် ယူနီကုဒ်ဖောင့်ဖြင့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ယူနီကုတ် ဖောင့်ထည့်သွင်းထားခြင်းမရှိ သော ဖုန်းနှင့်ကွန်ပျူတာများ၌ ဖတ်ရှုရန် အခက်အခဲကြုံတွေ့ရ မည်ကို အချို့က စိုးရိမ်ကြသော်လည်း။ ယူနီကုဒ်ဖောင့်များကို Wesite များတွင် တစ်ပါတည်း ထည့်သွင်းထားလျှင် အခက်ခဲမရှိ ဖတ်ရှုနိုင်ကြောင်းနှင့် ဖေ့ဘုတ်စာမျက်နှာများတွင်လည်း Facebook ၏ See Conversion ဖန်ရှင်ကြောင့် အခက်ခဲမရှိ မြင်ရနိုင်ကြောင်း သိရှိရပါတယ်။
”တိကျတဲ့လမ်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လက်ခံမှုဟာ ပထမအဆင့်သာ ဖြစ်သေးပြီး ရှေ့ဆက်လုပ်စရာတွေ အများကြီးရှိသေးတယ်ဆိုတာ နားလည်ပါတယ်။ အားလုံးလည်း အပြုသဘောဆောင်တဲ့ ကူညီမှုတွေ ဆက်လုပ်သွားပေးမယ်လို့ ယုံကြည်ပါတယ်။” လို့ အစိုးရသို့စာတင်ရာတွင် ဦးဆောင်ခဲ့သူ ကိုမောင်ဆန်းမှ ပြောကြားပါတယ်။