မြန်မာယူနီကုဒ်လက်ကွက် sticker များကို ကိုမျိုးထက်ဇော်မှ အခမဲ့ဖြန့်ချိ

ကွန်ပျူတာတွင် မြန်မာယူနီကုဒ် စတင်အသုံးပြုသူများလွယ်ကူအဆင်ပြေစေရန်အတွက် Multimedia Designer တစ်ဦးဖြစ်သူ ကိုမျိုးထက်ဇော် (MyoeHtet Production) မှ မြန်မာယူနီကုဒ် လက်ကွက် စတစ်ကာများ (Myanmar Unicode Keyboard Stickers) ကို အခမဲ့ ဖြန့်ဝေပေးနေပါသည်။ PC laptop များအတွက်စတစ်ကာများသာမက MAC အသုံးပြုသူများအတွက်ပါ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ အရောင်များအနေနဲ့လည်း အသုံးပြုချင်စဖွယ် အရောင်မျိုးစုံထုတ်ဝေပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ နယ်မှ အသုံးပြုလိုသူများအတွက်လည်း၊ မြန်မာယူနီကုဒ်ဧရိယာမှ အဖွဲ့ဝင်များမှာတစ်ဆင့် ဖြန့်ဝေပေးမယ်လို့ သိရှိရပါတယ်။ ကီးဘုတ်မှာ ကပ်ဖို့သာမက ယူနီကုဒ်ကိုသုံးကြစို့ဆိုတဲ့ စာသားလေးပါ ထည့်ပေးထားတာကလည်း သဘောကျစရာပါပါပဲ။

အခုလို စေတနာနဲ့ အခမဲ့ ဖြန့်ဝေပေးတဲ့ ကို မျိုးထက်ဇော်ရဲ့ စေတနာကို လေးစားအားကြတဲ့ အတွက်၊ ကျွန်တော်တို့ မြန်မာယူနီကုဒ်ဧရိယာမှလည်း ၎င်းစတစ်ကာများကို ကိုမျိုးထက်ဇော်ရဲ့ အကူအညီနဲ့ ထပ်မံထုပ်ဝေပြီး အခမဲ့ ဖြန့်ဝေနိုင်အောင်ကြိုးစားသွားပါ့မယ်ခင်ဗျာ..

အသုံးပြုလိုသူများအနေနဲ့ စက်တင်ဘာလ(၇)ရက်၊ ၂၀၁၅ ခုနှစ်မှ စတင်ပြီး ကိုမျိုးထက်ဇော် (MyoeHtet Production)     09 25442 9997 နဲ့ ဆက်သွယ်ပြီး ရယူနိုင်ပါပြီ  .

နယ်မှ ရယူလိုသူများအဆင်ပြေစေနိင်ရန်အတွက်လည်း မြန်မာယူနီကုဒ်ဧရိယာ အဖွဲ့သားများမှ တတ်နိုင်သလောက်ကူညီပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့

ယူနီကုဒ်ကိုသုံးကြစို့ 

မြန်မာယူနီကုဒ် လက်ကွက် စတစ်ကာ အနက်ရောင်