Adobe In-Design ရဲ့ (CC 2020 November 2019 release v-15.0) မှာ South-East Asian Scripts တွေကို ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ South-East Asian Scripts ထဲမှာ Burmese language ပါဝင်တဲ့အတွက် Adobe In-Design မှာ မြန်မာယူနီကုဒ်ကို အဆင်ပြေပြေ အသုံးပြုနိင်ပြီဖြစ်ပါတယ်။
အရင်ကလိုမျိုး Adobe In-Design မှာ မြန်မာဖောင့်တိုင်းသုံးမရတဲ့အတွက် Adobe အတွက် သီးသန့်ရေးထားတဲ့ ဖောင့်တွေပဲ သုံးရလို့ စာလုံးပုံစံ စိတ်တိုင်းမကျတာမျိုးတွေ မရှိတော့တဲ့အတွက် ပုံနိပ်ထုတ်ဝေရေးကိစ္စတွေမှာ မြန်မာစာ အသုံးပြုရတာပိုမို အဆင်ပြေလာမယ်ပြီလို့ ပြောလို့ရပါတယ်။
မြန်မာယူနီကုဒ် ကို အသုံးပြုဖို့အတွက် Adobe In-Design 2020 (Version 15) နဲ့ အထက်ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ သင့်စက်ထဲမှာ Adobe In-Design 2020 ရှိနေပြီဆိုရင် အသုံးမပြုခင် Adobe World-Ready Paragraph Composer ကို Default Composer အဖြစ် ရွေးချယ်ပေးထားဖို့တော့ လိုအပ်ပါတယ်။ ပြောင်းရမဲ့ အဆင့်တွေကို အောက်က ပုံထဲမှာ ပြပေးထားပါတယ်။

Edit > Preference > Advanced Type ထဲသွားပါ။

Advanced Type ထဲက Default Composer ကို Adobe World-Ready Paragraph Composer ပြောင်းပြီး OK နိပ်လိုက်ပါ

သင်နှစ်သက်ရာ မြန်မာယူနီကုဒ် ဖောင့်တွေကို စိတ်ကြိုက်အသုံးပြုလို့ရပါပြီ။
မူရင်း Adobe webiste က ရေးသားထားတာတွေကို အောက်ပါလင့်တွေမှာ သွားရောက်ပြီး လေ့လာနိုင်ပါတယ်။
အဲေအာက်နိမ့်တဲ့ အင်ဒီဇိုင်းေတွမှာဆို ဘာကအဆင်ေပြဆံုး ဖြစ်မလဲခင်ဗျ
Adobe အတွက် သီးသန့်လုပ်ထားတဲ့ မြန်မာဖောင့်တွေသုံးလို့ရပါတယ်ခင်ဗျ
ဥပမာ။ ။ အသောက၊ MUA Office
Adobe Support လုပ်တဲ့တခြားဘာဖောင့်တွေရှိသေးလဲ MUA Office တခုပဲသိလို့၊ ဘယ်မှာဒေါင်းလို့ရမလဲခင်ဗျာ
macOS ဒီအချက်တွေကိုလိုက်လုပ်ကြည့်ပြီးပြီ လုပ်လို့မရဘူး Window မှာပဲသုံးလို့ရတာလား?
ကျွန်တော်လုပ်ကြည့်တာလည်းမရဘူး။ ကိုအောင်ရဲသူ လုပ်ကြည့်တာကော အဆင်ပြေသွားလား။
စာေရရာတာ့အဆင်းမေြပါဘူးကိုေလး
နောက်ဆုံး indesign မှာ သုံးလို့ မရပါ ဘာတွေ လုပ်ရမလဲ ြပထားတဲ့အတိုင်းလုပ်တာ မရပါ
ရသွားပါပြီ ပြန်ပြီး restart လုပ်လိုက်လို့ပါ
photo shop မှာမရသေးဘူးလားခင်ဗျ
Photoshop CC 2019 က စပြီးရပါပြီခင်ဗျ
Adobe Premier Pro မှာတော့ MUA Office လို ဖောင့်မျိုးပဲသုံးလို့ရသေးတယ်