Myanmar Unicode Area မှ စေတနာရှင် မောင်နှမများအတွက်
CT and CS Computer Training မှ နေရာပံ့ပိုးထားသည့် #UnicodeWorkshop29#ယူနီဆန်းဒေး၂၉ workshop ကို ဖော်ပြပါလိပ်စာအတိုင်း ကျင်းပပြုလုပ်ပါမည်။
#ယူနီဆန်းဒေး၂၉
ဒီတစ်ပတ် အလှည့်ကျတဲ့နေရာ လှိုင်သာယာ ဖြစ်ပါတယ်။
MUA မောင်နှမများမှ ကြိုဆိုပါတယ်။
CT and CS Computer Training Centre
အမှတ်(၁၄၄၄/က), ဝိဇ္ဇာညီနောင်လမ်း၊ ရပ်ကွက်(၂၀)၊ လှိုင်သာယာ။ ၈၆ဂိတ်ဟောင်းအနီး။ ရန်ကုန်။
ဖုန်း – 09 42174 1386
Date : 29 September 2019
Time : 10AM – 4PM
ဖုန်းနှင့်ကွန်ပျူတာစက်ပစ္စည်းများတွင် ယူနီကုဒ်သုံးရန် အကူအညီလိုအပ်သူများ လိုအပ်သောစက်ပစ္စည်းကို တပါတည်း ယူဆောင်လာပါရန် မေတ္တာရပ်ခံပါသည်။၊ အသုံးပြုလိုသူများ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြေရှင်းပေးခြင်း၊ ယူနီကုဒ်စနစ်လိုက်နာသောဖောင့် ထည့်သွင်းခြင်းနှင့်၊ အသုံးပြုနည်းလမ်းညွှန်ခြင်းများကို တတ်စွမ်းသမျှ ကူညီပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နယ်ဘက်ကမို့
ဘယ်လိုပြောင်းလဲရမလဲ နားမလည်း
ရှာကြံပြီး ပြောင်းကြည့်ပေမဲ့ မရဖြစ်နေ ကူညီပေးကြပါဦး
ဟုတ်ကဲ့။ ကျွန်တော်တို့ရဲ့ facebook group ဖြစ်တဲ့ Myanmar Unicode Area ကိုသွားကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းအတွက်အဖြေရှိနေရင် ရှိနေတတ်ပါတယ်။ မရှိလည်း ပို့စ်အသစ်တင်ပြီးမေးမြန်းပါ။ တကယ်လို့ အဆင်မပြေဖူး မလုပ်တတ်ဖူးဆိုရင် မိုဘိုင်းဖုန်းဆိုင်တွေက မြန်မာယူနီကုဒ်သွားသွင်းလို့ရပါတယ်။ အစ်မရဲ့ ဖုန်းမော်ဒယ်လေးတစ်ချက်လောက်ပြောပြပေးပါလား