Myanmar Unicode Converter (V 2.0) for Windows

Myanmar NLP team ကထုတ်ပေးထားတဲ့ windows တွေအတွက် Unicode Converter (2.0) ပါ ဘာတွေလုပ်လို့ရလဲဆိုတော့
1. Academy- Family
2. Amyanmar
3. A_Type Writer
4. Ava-Forever
5.Ayar-Family
6. CE-Family
7. Gandamar-Family
8. I <<< (ဘာဖောင့်လဲတော့မသိ သူ့ထဲမှာပါလို့)
9. M-Myanmar-Family
10. Metrix-Family
11. Myanmar1
12. Myazedi
13. Pinny- Family
14. Win-Family
15. Zawgyi
အဲ့ဒီ font နဲ့ရေးထားတာတွေကို ယူနီကုဒ်အဖြစ် ပြောင်းပေးနိုင်ပါတယ်
ဒါအပြင် အပေါ်မှာပြထားတဲ့ fonts ၁၅ မျိုးနဲ့ ဒီအောက်က file format တွေမှာ ရေးထားတဲ့ file တွေကိုလဲ file အလိုက်ယူနီကုဒ်ကို ပြောင်းပေးနိုင်ပါတယ် ဥပမာအနေနဲ့ Win-Family font တွေနဲ့ရိုက်ထားတဲ့ word file တစ် file လုံးကို ယူနီကုဒ်ကိုပြောင်းဖို့အတွက်ဆို ဒီ software လေးနဲ့ကပိုအဆင်ပြေပါတယ် ကိုယ်ပြောင်းချင်တဲ့ word file ကို select လုပ်ပြီး Convert လေးနှိပ်လိုက်တာနဲ့ပြောင်းပေးသွားမှာပါ (တစ်ခြား Converter တွေလိုမျိုး စာတစ်ပိုဒ်ကိုပဲ convert လုပ်ပြီးလိုက်ပြင်ပေးနေစရာမလိုပါဘူး) ပြောင်းပြီးသွားရင်တော့ font size ကွာခြားချက်ရှိတတ်တာကြောင့် ကိုယ်ချိန်ထားတဲ့ အရင် layout အတိုင်းဖြစ်မဖြစ်လေးစစ်ပေးဖို့တော့လိုပါမယ်
1. Simple Text File (.txt)
2. Micorsoft Word 2003 / 2007 File ( Multi-fonts conversion capablility)
3. Microsoft Excel 2003 / 2007 File ( Multi-fonts conversion capablility)
4. Xml File
5. Sql File
Software ရဲ့ Help အောက်မှာ User’s Manual ပါပါတယ်
*မူလစာရိုက်မှားထားတာတွေကိုတော့ အပြည့်အစုံပြင်မပေးနိုင်ပါဘူး ဥပမာ ၍ အစား ရျ်၊ ၏ အစား ဧ။် လို့ရိုက်ထားတာတွေကအမှားအတိုင်းပဲပြနေမှာပါ*

19 thoughts on “Myanmar Unicode Converter (V 2.0) for Windows”

  1. တနည်းဆိုတော့ ချို့တဲ့နေသည့် ၍ ရေးမရတာ ပြန်ဖြန့်ဝေတာပေါ့။
    ကံစမ်းမဲ အလကား ရယူကြပါလို ဖြစ်နေပါပြီ။

    1. အခုဗားရှင်းအသစ်ကို မသုံးဖူးပေမဲ့။
      အရင်ဗားရှင်းကို ကျနော်သုံးဖူးပါတယ်။
      ရာနှုန်းပြည့် နီးပါးလောက် မှန်ပါတယ်။
      မူရင်း ဇော်ဂျီတို့ ဝင်းဖောင့်တို့နဲ့ ရိုက်တဲ့သူရဲ့
      လက်ကွက်မှန်မှုပေါ်မှာလည်း မူတည်ပါတယ်။

      1. 7. Develop > Show Extension Builder ကနေ Add Extension… ကို ရွေးပါ။ <<< There is no "Show extension builder" under "Develop"

        Pls help

        P.S. instructions are not very user friendly.

        1. Yes. I agree that those are particularly user friendly. There is no mua extension on Safari atm that works out of the box. Please use other alternative such as Chrome, Firefox, Brave, etc.

  2. Is it any software that all of the files’ name in my computer to convert from Zawgyi to Unicode because in my computer all the files’ name, mostly Myanmar songs’ and Photos’ name that including properties (detail name), are written by Zawgyi font. So, I am difficult to change Unicode. There are more than 1 million files using Zawgyi font in my computer.

    1. Currently, common file names and office files are supported, including song titles. I’m not really sure if the detailed properties will be changed. Let us know if you have success with it.

      However, can you imagine if you’re stuck with Zawgyi while others have moved on? And then you have two more million song titles? Imagine that. So the sooner you start, the easier for you to be.

      It’s tedious and involved a LOT of work but ( if you use converters ) it’s definitely easier when you don’t have to RETYPE every single word into every field. All you have to do is cut, change and paste. Bamn !

      Good luck with your endeavor.

  3. Unicode ကို Window 10 ရဲ့
    Viber မှာအဆင်မပြေဘူးဗျ
    Pyidaungsu font နဲ့ Keyman ကို သုံးထားတာပါ
    Word မှာရိုက်ပြီး Copy Phase နဲ့ ချနေရတယ်
    နည်းလမ်းလေးရှိရင်မျှပါဗျ

    1. စက်ထဲမှာဇော်ဂျီဖောင့်ရှိနေလို့ပါ viber desktop က စက်ထဲမှာဇော်ဂျီဖောင့်ရှိနေရင် ဇော်ဂျီဖောင့်ကိုပဲ ဦးစားပေးပြီးပြပေးလို့ပါ

    2. Windows 7 & 10 Computer 💻 တွေရဲ့
      Viber application ကို Unicode စနစ်သို့ပြောင်းလဲခြင်း💯
      —-
      ပထမဦးဆုံးTaskbar မှာ run နေတဲ့ Viber application ကို exit လုပ်ထားပါ။
      # Control Pannel > Program > Program and Features ထဲမှာတွေ့ရတဲ့ Alpha Zawgyi Unicode System, Alpha Zawgyi 2008 … စတဲ့ ဇော်ဂျီစာသားပါတဲ့ app အားလုံးကို Uninstall လုပ်ပစ်ပါ။
      # Control Pannel > Appearance and Personalization > Fonts folder ထဲကိုသွားပါ
      – Kayin 2014
      – ZawgyiOne Regular
      – Arial Zawgyi Regular စတဲ့ fonts များအားလုံး deleted လုပ်ပစ်ပါ။
      ပုံမှန်ကွန်ပျူတာများအတွက် ဆိုလျင် ဒီအဆင့်လောက်နဲ့ ယူနီကုဒ် အမှန်ပေါ်လာပါပြီ။
      တချို့ စက်များ မြန်မာစာမမှန်သေးတဲ့အချက်မှာ
      ​# Windows 10 တွင် မူလပါဝင်သော Myanmar Text fonts အား နာမည်တူယူထားသော ဇော်ဂျီဖောင့်အားသွင်းထားမိခြင်း > ထို Myanmar Text font အား deleted လုပ်၍ မူရင်းဖောင့်အား ပြန်ထည့်ပါ။
      # Zawgyi နာမည်နှင့်မဟုတ်ပဲ အခြားအမျိုးမျိုးသော ဖောင့်နာမည်များနှင့် မြန်မာဖောင့်များသုံးထားခြင်း > Fonts name အမျိုးမျိုးရှိတာမို့ Folder 📁 အသစ်တခုထဲမှာ သွင်းထားသမျှ Fonts အားလုံး Backup ယူပီး မသေချာတဲ့ မြန်မာဖောင့်အားလုံးဖျက်ပစ်ပါ။
      # Windows 10 Zawgyi installer.exe သကဲ့သို့ system font တစ်ခုလုံးကို forced change လုပ်ပစ်တဲ့ applications များသုံးခဲ့မိခြင်း > Control Pannel > Program > Program and Features ထဲမှာပဲ ရှာပြီး အားလုံးဖြုတ်ပစ်ပါ။
      ——
      အထက်ပါအဆင့်များ တဆင့်ချင်းလုပ်ပေးလျင် PC Viberတစ်ခုထဲအတွက်တင် မဟုတ်ပါဘူး တခြား မြနိမာစာထောက်ပံ့တဲ့ Built-in app တွေအကုန်လုံးမှာ ယူနီကုဒ်စနစ်နဲ့ မြန်မာစာကို ကောင်းစွာအသုံးပြုနိုင်ပါပြီ။
      Thur@Aung

  4. Win Reaercher ကနေေပြာင်းလိုက် ရင် eng text တွေကိုပါ လိုက်ပြောင်းတာလေး ပြင်ပေးပါအုံးခင်ဗျ

  5. Computer ထဲက ဇော်ဂျီနဲ့ရေးထားတဲ့ folder name တွေ၊ file name တွေကို uni auto ပြောင်းပေးတဲ့ software ရှိလား။

  6. Computer icons တွေမှာ ဇော်ဂျီနဲ့ရေးထားတာ ယူနီကုတ်ပြောင်းလို့ရလားဗျ…
    Rename ၁ ခုချင်းစီပြန်ရိုက်နေရလို့ပါ…

Leave a Reply