ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်ပမှ မိုဘိုင်းဟန်းဆက်များတင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီယူနီကုဒ်စနစ်နှင့် ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ပမှ မိုဘိုင်းဟန်းဆက်များ တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ပါသည်။
Source: https://www.facebook.com/ptdofficialpage/posts/2258469660934855