ယူနီကုဒ်သည် စာလုံး (ကာရိုက်တာ) တစ်လုံးချင်းကို ကုဒ်ပွိုင့်တစ်ခုစီ ပေးထားသော ဒစ်ဂျစ်တယ်စာသားသတ်မှတ်စနစ် ဖြစ်ပါသည်။
မြန်မာစာတွင် ည အက္ခရာနှစ်မျိုး၊ ညကလေး “ဉ” နှင့် “ည” ဟူ၍ ရှိပါသည်။ ညကလေးကို ပါဠိဘာသာတွင် အသုံးများသဖြင့် အနောက်တိုင်းပညာရှင်များက ညအက္ခရာကုဒ်ပွိုင့်အရှေ့တွင် ထားပါသည်။ ထို့ကြောင့် မြန်မာစာကုဒ်ပွိုင့်များတွင် ဆယ်ခုမြောက် ကာရိုက်တာသည် ညကလေး “ဉ” ဖြစ်ပြီး ဆယ့်တစ်ခုမြောက် ကာရိုက်တာသည် “ည” ဖြစ်သည်။