Myanmar Unicode Area Logo

 

မြန်မာယူနီကုဒ် ဧရိယာအတွက် MUA Logo အား ဒီဇိုင်နာ ကိုငြိမ်းချမ်းမှ ဒီဇိုင်းဆွဲပေးထားပါသည်။ Unicode consortium ၏ အမှတ်အသား လိုဂို ပါဝင်သောကြောင့် ဒီအတိုင်း သုံးစွဲခွင့် မရှိပဲ ကျွန်တော်တို့ Unicode consortium အထိ စာပို့ ခွင့်ပြုချက် တောင်းပြီး လုပ်ဆောင်ခဲ့ပါသည်။ Unicode consortium က ခွင့်ပြုချက်ပေးသောကြောင့် အများအသုံးပြုနိုင်ရန် ဖြန့်ချိခဲ့ပါသည်။ မြန်မာယူနီကုဒ် ဧရိယာမှ ထုတ်သော တီရှပ်များတွင်လည်း ရိုက်နှိပ်အသုံးပြုခဲ့ပါသည်။ ထို့အပြင် ယူနီကုဒ်ကို လူသိများလာစေရန် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် profile ဓါတ်ပုံများ ပြောင်းလဲ အသုံးပြုခြင်းများ လုပ်ရာတွင် အသုံးပြုခဲ့ကြပါသည်။

⚠️အထက်ပါ LOGO သည်ဆက်လက်သုံးစွဲခြင်းမရှိတော့ပါ။ မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။⚠️

 

Unicode consortium မှ Logo အသုံးပြုခွင့်ရပ်ဆိုင်းလိုက်သည့် အတွက် မူလအသုံးပြုသည့် Logo အစား လက်ရှိ logo အသစ်ကို ပြောင်းလဲထားပါသည်။


MUA Logo

မြန်မာယူနီကုဒ် ဧရိယာ လိုဂို မူလပိုင်ဆိုင်သူမှာဒီဇိုင်းနာ ကိုငြိမ်းချမ်းဖြစ်ပြီး မြန်မာယူနီကုဒ် ဧရိယာတွင် လွတ်လပ်စွာ အသုံးပြုစေခဲ့ခြင်း ဖြစ်ပါသည်။

  • ခွင့်ပြုချက် မရှိပဲ ပြင်ဆင်ခြင်း
  • အခြား မြန်မာယူနီကုဒ်နှင့် မသင့်တော်သော နေရာများတွင် အသုံးပြုခြင်း

အထက်ပါ အချက်များမှ လွဲ၍ CC-BY-ND-4.0 License ဖြင့် အသုံးပြုခွင့် ပေးပါသည်။ Credit ပေးခြင်းသည် မူလဖန်တီးသူ၏ အားထုတ်ကြိုးပမ်းမှုအား အသိအမှတ် ပြုခြင်းဖြစ်ပါသည်။ MUA Logo အား ဒီလင့် ကနေ ဒေါင်းယူနိုင်ပါသည်။