Adobe InDesign မှာ မြန်မာယူနီကုဒ် အသုံးပြုနည်း

Adobe In-Design ရဲ့ (CC 2020 November 2019 release v-15.0) မှာ South-East Asian Scripts တွေကို ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ South-East Asian Scripts ထဲမှာ Burmese language ပါဝင်တဲ့အတွက် Adobe In-Design မှာ မြန်မာယူနီကုဒ်ကို အဆင်ပြေပြေ အသုံးပြုနိင်ပြီဖြစ်ပါတယ်။

အရင်ကလိုမျိုး Adobe In-Design မှာ မြန်မာဖောင့်တိုင်းသုံးမရတဲ့အတွက် Adobe အတွက် သီးသန့်ရေးထားတဲ့ ဖောင့်တွေပဲ သုံးရလို့ စာလုံးပုံစံ စိတ်တိုင်းမကျတာမျိုးတွေ မရှိတော့တဲ့အတွက် ပုံနိပ်ထုတ်ဝေရေးကိစ္စတွေမှာ မြန်မာစာ အသုံးပြုရတာပိုမို အဆင်ပြေလာမယ်ပြီလို့ ပြောလို့ရပါတယ်။

မြန်မာယူနီကုဒ် ကို အသုံးပြုဖို့အတွက် Adobe In-Design 2020  (Version 15) နဲ့ အထက်ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။  သင့်စက်ထဲမှာ Adobe In-Design 2020 ရှိနေပြီဆိုရင် အသုံးမပြုခင် Adobe World-Ready Paragraph Composer  ကို Default Composer  အဖြစ် ရွေးချယ်ပေးထားဖို့တော့ လိုအပ်ပါတယ်။ ပြောင်းရမဲ့ အဆင့်တွေကို အောက်က ပုံထဲမှာ ပြပေးထားပါတယ်။

Edit > Preference > Advanced Type > Default Composer ထဲသွားပါ။

Edit > Preference > Advanced Type  ထဲသွားပါ။

 

Advanced Type ထဲက Default Composer ကို Adobe World-Ready Paragraph Composer ပြောင်းပြီး OK နိပ်လိုက်ပါ

Advanced Type ထဲက Default Composer ကို Adobe World-Ready Paragraph Composer ပြောင်းပြီး OK နိပ်လိုက်ပါ

 

သင်နှစ်သက်ရာ မြန်မာယူနီကုဒ် ဖောင့်တွေကို စိတ်ကြိုက်အသုံးပြုလို့ရပါပြီ

သင်နှစ်သက်ရာ မြန်မာယူနီကုဒ် ဖောင့်တွေကို စိတ်ကြိုက်အသုံးပြုလို့ရပါပြီ။

မူရင်း Adobe webiste က ရေးသားထားတာတွေကို အောက်ပါလင့်တွေမှာ သွားရောက်ပြီး လေ့လာနိုင်ပါတယ်။

မူလ – https://www.mmunicode.org/news/mmunicode-on-adobe-indesign/