ပြဿနာ
- Mojave တွင် Microsoft Excel for Mac တွင်မြန်မာယူနီကုဒ်ဖောင့် ရိုက်မရဖြစ်ခြင်း။
- Rendering အပြည့်အစုံအလုပ်မလုပ်ခြင်း
ဖြေရှင်းချက်
၁။ Myanmar MN, Myanmar Sangam MN ကို enable လုပ်ပေးပါ။ တခြားမြန်မာယူနီကုဒ်ဖောင့်များကို enable အတူတကွလုပ်ထားနိုင်ပါသည်။

၂။ လက်ရှိ Excel latest version 16.16.19 တွင် စာရိုက်နေတုန်း rendering မမှန်ပဲ ရိုက်ပြီး enter ခေါက်မှသာ rendering မှန်သောကြောင့် အကုန်အပြည့်အစုံမှန်သည့် 15.24 သို့ပြောင်းဆင်းရပါမည်။ ထို့အတွက် Excel v15.24 updater ကို အောက်ပါ ချိတ်ဆက်လင့်မှ ယူပါ။

၃။ appCleaner app (freeware without bloatware) ဖြင့် 16.16.19 (or လက်ရှိသွင်းထားသည့် Excel version) အား uninstall ပြုလုပ်ပါ၊ ကြိုက်နှစ်သက်ရာ uninstaller ဖြစ်စေ မိမိအဆင်ပြေသလို uninstall ပြုလုပ်နိုင်ပါသည်။ ကျွန်တော်ကတော့ appCleaner ကိုအသုံးပြုစေချင်ပါတယ်။

၄။ 15.24 updater ကို run ပါ။ သူ့ဘာသာ ဗားရှင်းအဟောင်းအား သွင်းသွားပေးသွားပါလိမ့်မည်။

၅။ မြန်မာယူနီကုဒ်ကို Excel for mac တွင်ရိုက်လို့ရသွားပါပြီ။

မှတ်ချက်။ Bold shortcut ကိုနှိပ်ပါက အော်တို bold မဖြစ်ပါ။ Myanmar Sangam Bold အား Bold လုပ်ချင်သည့် စာကို manually ရွေးပေးရပါမည်။
အထက်ပါလုပ်ဆောင်ချက်များသည် အစွမ်းရှိသရွေ့အမှန်ကန်ဆုံးဖြစ်အောင် စမ်းသပ်ပေးထားပါသည်။ သို့သော်လည်း တခြားသောအဆင်မပြေမှုတစုံတရာဖြစ်လာပါက တာဝန်မယူပါ။