MUA converter extension – Safari browser for Mac OS.

MacOSX Safari Extension ထည့်သွင်းနည်း

  • ယူနီကုဒ်စနစ် ထည့်သွင်းလိုက်ပြီ ဖြစ်တဲ့အတွက် Mac ရဲ့ Safari Browser မှာ ဇော်ဂျီနဲ့ ရေးသားထားတဲ့ website တွေ၊ Facebook တွေကို ဖတ်ရှုနိုင်ရန် ယူနီကုဒ်ရော ဇော်ဂျီပါ ဖတ်လို့ရနိုင်တဲ့ Extension ကို ထည့်သွင်းပါမည်။

Install ပြုလုပ်ပုံအဆင့်ဆင့်

အဆင့် ၁ >> ဖော်ပြပါ macOS တွင် မြန်မာယူနီကုဒ်ကို ဖတ်ရှုနိုင်ပြီး ဇော်ဂျီကို မဖတ်ရှုနိုင်ပါ။ ဇော်ဂျီကိုပါ တစ်ပြိုင်နက်တည်း ဖတ်ရှု၍ ရနိုင်အောင် ပြုလုပ်ပါမည်။

အဆင့် ၂ >> Safari ကိုဖွင့်လိုက်ပါ။ Screen ဘယ်ဘက်ထောင့်ရှိ Apple logo ဘေးနားမှ Safari>Safari Extensions ကိုနှိပ်လိုက်ပါ။

အဆင့် ၃ >> ပေါ်လာမည့် Store စာမျက်နှာရှိ Search bar တွင် MUA web converter ဟုရိုက်ထည့်လိုက်ပါ။ Get Safari Extension အစရှိသည့် Apple မှ Popular ဖြစ်သည့် Extension များ ဒေါင်းလုပ်ဆွဲပါဟု ကြေငြာလာထပ်ပြပါက ပေါ်လာသည့် Windows ကိုပိတ်လိုက်ပါ။

အဆင့် ၄ >> MUA converter logo နှင့် description များပေါ်လာပါလိမ့်မည်။ မြှားနှင့်တိမ်ပုံလေးနေရာတွင် ရှိလိမ့်မည့် GET ဆိုသော button ပေါ်သို့နှိပ်ပြီး မိမိ၏ Apple ID နှင့် Password တောင်းပါက ရိုက်ထည့်ပေးလိုက်ပါ။

အဆင့် ၅ >> ဒေါင်းလုပ်အဆင်ပြေစွာပြီးမြောက်သွားပါက OPEN ဟုပေါ်လာပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။

အဆင့် ၆ >> အပြာရောင်ခလုတ်လေးအား နှိပ်ပေးလိုက်ပါ။

အဆင့် ၇ >> အနီရောင်ခတ်ပြထားသော လေးထောင့်ကွက်ကို နှိပ်ပြီး အမှန်ခြစ်ခြစ်ပေးလိုက်ပါ။

အဆင့် ၈ >> အားလုံးအဆင်ပြေပြီဆိုပါက Safari Browser ပေါ်တွင် အမှန်ခြစ်ထားသော MUA Extension Icon လေးအား တွေ့ရပါလိမ့်မည်။

အဆင့် ၉ >> ဖတ်လို့သည့် စာမျက်နှာအား Refresh (Command + R) လုပ်ပေးလိုက်ပါ။

  ယခုဆိုရင် Safari Browser တွင် ယူနီရော ဇော်ဂျီ နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ..။