Ubuntu Linux မှာ ယူနီကုဒ် ‌ဖော်နည်း

နိဒါန်း

Ubuntu Linux မှာ မြန်မာယူနီကုဒ် ဖောင့် တခုဖြစ်တဲ့ ပိတောက်ဖောင့် က နဂိုပါဝင်ပြီးသားဖြစ်ပါတယ်။ လည်ပတ်စနစ်ကို မြန်မာဘာသာ ရဲ့ ကွဲပြားမှုတွေ ( ဥပမာ ‌ငွေ‌ကြေးသင်္ကေတ၊ ရက်သတ်မှတ်ပုံစနစ် ) သိ‌စေ ဖို့ အသိပေးဖို့ လိုပါတယ်။

ပြုလုပ်ပုံ
  • အစက် ၉ စက်နဲ့ ဖော်ပြထားတဲ့ Application Icon (  အဝါရောင်မျှား ပြထားသောနေရာ ) ကို နှိပ်ပါ။
  • Settings ကို သွားပါ။
  • Region & Language menu ( အနီရောင်မျှား ပြထားသောနေရာ ) ကို သွားပါ။
  • Formatsနေရာတွင် Myanmar ( အစိမ်းရောင်မျှား ပြထားသောနေရာ ) ဟုဖော်ပေးပါ။
  • ” + ” ( အပြာရောင်မျှား ပြထားသောနေရာ ) ကို နှိ‌ပ်ပေးပါ။

Adding input via App menu

 

  • Burmese ကိုရွေး‌ပေးပါ။

Select Burmese

 

  • Burmese ဟုရွေးပြီးပါပြီ ( အနီရောင်မျှား ပြထားသည့်အတိုင်း )
  • Keyboard icon ကိုနှိပ်ကြည့်လျှင် ( အစိမ်းရောင်မျှား ပြထားသောနေရာ )  keyboard layout ကိုမြင်ရပါမည် ( အပြာရောင်မျှား ပြထားသည့်အတိုင်း )

Keyboard Layout ( Burmese )

 

  • Language ‌နေရာတွင်  Burmese ဟုပေါ်လာ‌အောင်စစ်ပါ ( အနီရောင်မျှား ပြထားသည့်အတိုင်း )။
  • Formats တွင် မြန်မာနိုင်ငံ ဟုပေါ်လာ‌အောင်စစ်ပါ ( ခရမ်းရောင်မျှား ပြထားသည့်အတိုင်း )။
  • Input Sources တွင် Burmese  keyboard ဟုပေါ်လာ‌အောင်စစ်ပါ ( အပြာရောင်မျှား ပြထားသည့်အတိုင်း )။
  • Restart  ကိုနှိပ်ပြီး  Session ကိုပြန်စပေးရပါမယ် ( အစိမ်းရောင်မျှား ပြထားသည့်အတိုင်း )။

Restart Session

 

အမြင်ဖြင့်စာရိုက်ခြင်း

Ubuntu Linux ‌ပေါ််တွင် အမြင်ဖြင့်စာရိုက်ခြင်း ကို Florence ဟုခေါ််‌သော Virtual Keyboard  ကို အသုံးပြုု နိုင် ပါတယ်။

  • အစက် ၉ စက်နဲ့ ဖော်ပြထားတဲ့ Application Icon (  အဝါရောင်မျှား ပြထားသောနေရာ ) ကို နှိပ်ပါ။
  • Florence ဟုရိုက်၍ရှာပြီး ‌ရွေး‌ပေးပါ ( အနီရောင်မျှား ပြထားသည့်အတိုင်း )။
  • Install ကိုနှိပ်၍တပ်ဆင်ပါ ( အစိမ်းရောင်မျှား ပြထားသည့်အတိုင်း )။

Virtual Keyboard Florence

  • Florence ကိုစိတ်ကြိုက်ပြင်နိုင်ပါတယ် ( အစိမ်းရောင်မျှား ပြထားသည့်အတိုင်း )။
  • ကျနော် ကတော့ ထိုးဖောက် မြင်ရတာကြိုက်လို့ Transparent ဆိုတာ‌လေးကို အမှန်ခြစ်ပီး ‌ရွေး‌ပေးထားပါတယ်။

Florence Sample

  • အခုဆိုရင် သင်ဟာ  Ubuntu Linux ‌ပေါ်တွင် မြန်မာဘာသာ အား ယူနီကုဒ် ဖြင့်ပြည့်စုံ စွာရိုက်နိုင်ပါပီ။
#ကျန်းမာရွှင်လန်းကြပါ‌စေ။