အရင်ဗားရှင်းမှာ ရှိနေတဲ့အားနည်းချက်တွေကိုမကြိုက်လို့ အသစ်ပြန်ပြင်ရေးဖို့ကြိုးစားခဲ့ပါတယ်။
အခုဗားရှင်းမှာ –
- Task Bar ထည့်ထားပါတယ်
- Smart Assistance Method ထည့်ထားပါတယ်
- Paste လုပ်ရင် Popup ပြန်ပေါ်လာတာကိုမပေါ်အောင် ပြင်ထားပါတယ်
- Both ကို နှစ်ခါနှိပ်မိတတ်တာ၊ မလိုအပ်ပဲ Convert နှစ်ခါလုပ်မိတတ်တဲ့ပြဿနာတွေကို ပြင်ထားပါတယ်
အရင်က သုံးဖူးတဲ့ သူတွေရော အခုမှ စသုံးမယ့်သူတွေရော အတွက် အညွှန်းလေး နည်းနည်းရေးချင်ပါတယ်။
- Task Bar ကို မြင်နေရတာ စိတ်အနှောက်အယှက်ဖြစ်တဲ့သူတွေအတွက် HIDE လုပ်လို့ ရပါတယ်
- HIDE လုပ်ထားမယ်ဆိုရင် Smart Assistance စနစ်ကို no မှာ ရွေးချယ်ထားဖို့ အကြံပေးချင်ပါတယ်
- Smart Assistance စနစ်ဆိုတာကတော့ ယူနီကုဒ်၊ ဇော်ဂျီနဲ့ အင်္ဂလိပ်စာတို့ကို အလိုအလျောက်ခွဲခြားပြီး သုံးစွဲသူ သုံးတဲ့စနစ်ပေါ်မူတည်၍ လိုအပ်မှ Popup ပေါ်လာတဲ့စနစ် ဖြစ်ပါတယ်…
- ဒါပေမယ့် ဇော်ဂျီကို စစ်ဆေးတဲ့ စနစ်ဟာ အားနည်းချက်ရှိနိုင်တာကြောင့် Task Bar ကို Hide လုပ်ချင်သူများ ဒီစနစ်ကို ဖြုတ်ထားသင့်ပါတယ်။ ( Default မှာ no လုပ်ထားပါတယ် )
- ယခုဗားရှင်းအသစ်မှာ Task Bar ပေါ်နေတဲ့အားသာချက်ကတော့ Popup မပေါ်လာလည်း Convert လုပ်နိုင်တဲ့ အခွင့်အရေးရှိလာပါတယ်။
- ကော်ပီယူပြီးရင် Task Bar ပေါ်က ခလုပ်တွေကို နှိပ်ရုံနဲ့ အသင့် Convert လုပ်ပြီးပါပြီ…
- Popup ကို လိုချင်တဲ့ အချိန် စာရိုက်ပြီး Convert လုပ်ချင်တဲ့ အချိန် မျက်လုံးပုံလေးကို နှိပ်ပြီး ခေါ်ယူနိုင်ပါတယ်
- တစ်စုံတစ်ခုကို ကော်ပီယူပြီးချိန်မှာ Task Bar က မျက်လုံးပုံလေး အစိမ်းရောင်ဖြစ်နေပါလိမ့်မယ်
အားနည်းချက်အချို့ကို တွေ့ထားပေမယ့် မပြောပလောက်ဘူးလို့ထင်တာရယ်၊ နောက်ထပ်ဆက်ကြာနေမှာစိုးလို့ရယ်၊ ပြီးတော့ ပျင်းနေသေးလို့ရယ်ကြောင့် 😂 ဒီတိုင်းလေးပဲ ဖြန့်လိုက်ပါတယ်။
လိုချင်တဲ့သူများရှိရင်လည်း Share ပေးကြပါလို့၊ Feedback များလည်း အားမနာတမ်းပေးကြပါ။
လုပ်တတ်တဲ့ဟာဆိုရင် ပြင်ပေးပါ့မယ်။ မလုပ်တတ်တဲ့ဟာဆိုရင်တော့ ဆရာ San Go Go နဲ့ ဆရာ ယွန်းဝါ တို့ကို မေးပြီးမှ ထပ်ပြင်ပေးပါ့မယ် 😁။
အားလုံးပဲ အသုံးပြုရင်း ပျော်ရွှင်ကြပါစေ…
https://myte.pcloud.com/publink/show?code=XZ2sGwZEcKKuuNc40pLg5SR9DEEJYYlyCCV