ယူနီကုဒ်နဲ့ဇော်ဂျီ ပြဿနာကြား ခေါင်းစားနေရတဲ့ developer တွေအတွက် အဆင်ပြေစေမယ့် developer tools လေးတွေစုပေးထားတာပါ။
MMText
Technomation ကနေ free ပေးတဲ့ Android devices တွေမှာ Myanmar Unicode ကို embedded လုပ်ဖို့ library တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။
https://github.com/htoomyintnaung/mmtext
Kanaung Converter
ZawgyiOne to Unicod, Unicode to ZawgyiOne အပြန်အလှန်ပြောင်းလို့ရတဲ့ php converter ဖြစ်ပါတယ်။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။
https://github.com/kanaung/converter
Rabbit Converter
Web နဲ့ Android တွေအတွက် သုံးလို့ရတဲ့ ကိုစေတန်ရဲ့ lib တစ်ခုပါ။ အသေးစိတ်ကို GitHub မှာ ဖတ်လို့ရပါတယ်။
https://github.com/Rabbit-Converter/Rabbit
Rabbit converter ကို တခြား programming language တွေနဲ့ရေးထားတာတွေလည်း သူ့ github မှာရှိပါသေးတယ်။
https://github.com/Rabbit-Converter
MMUni Press
WordPress ဆိုဒ်တွေမှာ ဇော်ဂျီနဲ့ ရေးရေး ယူနီကုဒ်နဲ့ရေးရေး ဘာနဲ့ရေးရေး ရေးလို့ရပြီး ကြည့်တဲ့သူ ဘက်ကလည်း ဘာနဲ့ကြည့်ကြည့် ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ WordPress plug in တစ်ခုပါ။
https://wordpress.org/plugins/myanmar-unipress/
Virama-JS
မြန်မာစာတွေကို Server မှာသိမ်းဖို့ (post, put) Request တွေ မပို့ခင် User ရဲ့ browser မှာသုံးထားတဲ့ ဖောင့်ကို စစ်ပြီး ဇော်ဂျီသမားရိုက်ထားတဲ့ စာဆိုရင် ယူနီကုဒ်ပြောင်းပြီးမှ ပို့ဖို့နဲ့ edit လုပ်တဲ့အခါမှာ အသုံးပြုက ဇော်ဂျီသမားဆိုရင် edit လုပ်မဲ့ စာတွေကို ယူနီကုဒ်ကနေ ဇော်ဂျီပြောင်းပြီး input/textarea ပေါ်တင်ပေးတာမျိုးတွေသုံးဖို့အတွက် လုပ်ထားတဲ့ javascript library လေးတစ်ခုပါ
https://thixpin.github.io/Virama-JS/